မယုံကြည်သူတစ်ဦး သတင်းကောင်းကို ရှင်းလင်းစွာနားလည်ရန် ကျွန်တော်ဘယ်လိုကူညီရမည်နည်း?
မယုံကြည်သူတစ်ဦးအား သတင်းကောင်းကို ရှင်းပြရာတွင် သူသည် သမ္မာကျမ်းနှင့် ခရစ်ယာန်ယုံကြည်ခြင်းကို အနည်းငယ်သိ/ လုံး၀မသိခြင်း
ဖြစ်တတ်သည်မှာ လက်ငင်းတွင် သူ့ကို ဤလောကမှ အယူအဆသဘောတရားများက အမှန်တရားကိုမတွေ့အောင် နားလည်မှုလွဲနေစေသည်။
သတင်းကောင်းဆက်သွယ်မှုဖြစ်စဥ်၌ “လောကအမြင်ဆူညံသံ” များကို ထိုးဖောက်နိုင်ရန် သတင်းကောင်းကို နားလည်ပြီး၊ သမ္မာကျမ်းစာမှ
အချက်အလက်များကို ရှင်းပြရန် အလွန်အရေးကြီးလှပေသည်။ ထိုအချက်အလက်များကို ရှင်းလင်းရန် သမ္မာကျမ်းမှ ရွေးနှုတ်ခြင်းဆိုင်ရာ ၀တ္ထုသမိုင်းအချက်များကို ဦးတည်ရှင်းပြရန် လိုအပ်ပေသည်။
မျှော်လင့်ခြင်းအကြောင်း၀တ္ထု သည် အချိန်အတွက် လွယ်ကူမှု (ချုံ့နိုင်၊ ဆန့်နိုင်၊ တိုးပွားနိုင်) ရှိသည့် ရင်းမြစ်တစ်ခုဖြစ်ရခြင်းမှာ ဆယ့်ငါးမိနစ်
မှ နာရီပေါင်းများစွာအထိ ရွေးနှုတ်ခြင်းဆိုင်ရာ သမ္မာကျမ်း၀တ္ထုကို တင်ဆက်နိုင်ပေသည်။ သတင်းကောင်းနှင့်ဆိုင်သော သမ္မာကျမ်းကိုလေ့လာ
ခြင်းအတွက် ပုံစံထုတ်ထားရာတွင် တစ်ဦးချင်း (သို့) အဖွဲ့ငယ်များအတွက်ဖြစ်သော်လည်း ယုံကြည်သူများအတွက်လည်း ဘုရားသ္ခင်၏ ရွေး
နှုတ်ခြင်းစီမံကိန်းကို နားလည်ရန် ကူညီပေးနိုင်ပါသည်။ ကျမ်းစာအဖြစ်အပျက် ၄၀ (ဓမ္မဟောင်းမှ ၂၀ နှင့် ဓမ္မာသစ်မှ ၂၀) ကို မြေပုံများနှင့်တကွ
ထည့်သွင်းပေးထားပါသည်။